ငပုတော အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ကျုံကူးကျေးရွာအုပ်စုတွင် ကျုံကူးနယ်မြေ မီးသတ်စခန်း RC နှစ်ထပ် တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင် ဦးသန်းဦး၊ Royal Pathein Construction Co.,Ltd. MD ဦးမြင့်ဇော်တို့က သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ပန္နက်ရိုက်ပေးပြီး အမွေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)


