ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမ၌ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းဇော်ထွန်းတို့က အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစောမောင်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ သင်တန်းသားများအား တူညီဝတ်စုံများပေးအပ်သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား ၅၀ အား အောက်တိုဘာ ၁၃ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ လက်နက်မဲ့အခြေခံစစ်ရေးပြ၊ မီးငြှိမ်းသတ် ခြင်းပညာ၊ ရှာဖွေကယ်ဆယ်ရေး၊ ရှေးဦးသူနာပြုစုခြင်း စသည့်သင်ခန်းစာများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)


