မုံရွာ အောက်တိုဘာ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော် ဆွမ်းသပိတ် ၁၀၀၀ လောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ကြီးရှိ ဓမ္မာရုံ၌ ကျင်းပသည်။

 

တက်ရောက်

 

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ မုံရွာမြို့ ဘုရားရပ်ကွက် သာစံကျောင်း တိုက်ဦးစီးပဓာနနာယက ဘဒ္ဒန္တ တေဇဝန္တထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပင့်သံဃာ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆေးများနှင့် ဆွမ်းသပိတ်များ ဆက်ကပ်လှူဒါန်း ကြသည်။

 

ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တ သူရိယထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေ ပြည်သူများက မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များမှ ဆရာတော် သံဃာတော် အပါး ၁၀၀၀ အား ဆွမ်းသပိတ်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် သစ်သီးများ ဆက်ကပ်လောင်းလှူကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ သမိုင်းဝင် ဆုတောင်း ပြည့် စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နေမှုကို သွားရောက် ကြည့်ရှုဖူးမြော်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)