မကွေး    အောက်တိုဘာ    ၁၄

မကွေးမြို့နယ်အတွင်းရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေး၊ ရန်ကင်းဈေး၊ မင်္ဂလာဈေးတို့တွင် မီးဘေးလုံခြုံရေးအတွက်  ယမန်နေ့ နံနက်ပိုင်းက မီးသတ်ဦးစီးမှူး ဦးစိုးသူ ဦးဆောင်၍  လျှပ်စစ်မီးအသုံးပြုမှုများ စနစ်တကျရှိစေရေး၊ ဈေးအတွင်းမီးသုံးစွဲမှုများမရှိစေရေး၊ ရေရရှိ ရေး၊ တပ်ဆင်ထားရှိသော မီးသတ်ဆေးဘူးနှင့် မီးသတ်စက်များ အဆင်သင့်ဖြစ်စေရေး၊ မီးသတ်ယာဉ်များ အလွယ်တကူ ဝင်/ထွက်သွားလာနိုင်ရေး၊ တာဝန်ရှိသူများနှင့်  ဈေးသူဈေးသားများ    မီးသတ်ဆေးဘူးကို စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများကို လက်တွေ့ပြသဆောင်ရွက်သည်။

မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးအတွက် စက်ရုံ၊ အလုပ်ရုံများ စစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များ၊ ဈေးများ၊ ဟိုတယ်/မိုတယ်များ၊ ဆေးရုံ/ဆေးခန်းများ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ ရုံးဌာနများ၊ ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ မီးသတိပြုရေး နှိုးဆော်ခြင်း၊ မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)