ဂါဇာ အောက်တိုဘာ ၁၄

ဟားမားစ်အဖွဲ့သည်    အစ္စရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်     တစ်စိတ်တစ်ပိုင်းအနေဖြင့်   ဂါဇာကမ်းမြောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော  အသက်ရှင်လျက်  ကျန်ရှိနေသေးသည့်   ဓားစာခံ  ၂၀   ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ သို့သော်လည်း သေဆုံးရုပ်အလောင်းများ ပြန်လည်ရရှိရေးတွင် အခြေအနေတိုးတက်မှုမရှိသေးကြောင်း သိရသည်။

တစ်ချိန်တည်းတွင် သဘောတူညီမှုရရှိပြီးနောက် အစ္စရေး၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သေဆုံးမှုများရှိသည်ဆိုသော သတင်းများလည်း   ထွက်ပေါ်လျက်ရှိသည်။    ဟားမားစ်အဖွဲ့သည် ဂါဇာကမ်းမြောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော ဓားစာခံ ၄၈ ဦးအနက် အသက်ရှင်လျက်ရှိ နေသေးသည့်   ဓားစာခံ   ၂၀   ကို အောက်တိုဘာ ၁၃ ရက်တွင် လွှတ်ပေးလိုက်ခြင်းဖြစ်သည်။   ထိုကဲ့သို့လုပ်ဆောင်မှုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုသော ငြိမ်းချမ်းရေးအစီအစဉ် အရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှု   စတင်အသက်ဝင်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သဘောတူညီချက်အရ ဟားမားစ်အဖွဲ့သည်   အောက်တိုဘာ ၁၃ ရက် မွန်းလွဲမတိုင်မီ အသက်ရှင်လျက်ရှိနေသေးသည့် ဓားစာခံများနှင့်    သေဆုံးရုပ်အလောင်း ဓားစာခံများကို လွှတ်ပေးရမည်ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်အထိ သေဆုံးရုပ်အလောင်း  လေးခုသာ  ပြန်လည်ရရှိသေးကြောင်း   အစ္စရေးက ပြောသည်။     ဂါဇာကမ်းမြောင်မြောက်ပိုင်းနှင့်    တောင်ပိုင်းဒေသများတွင် အောက်တိုဘာ     ၁၄     ရက်က အစ္စရေး၏   ပစ်ခတ်တိုက်ခိုက်မှုများကြောင့်  စုစုပေါင်း ခြောက်ဦးသေဆုံးကြောင်း ပါလက်စတိုင်းမီဒီယာများတွင် ဖော်ပြထားသည်။ ဟားမားစ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ချိုးဖောက်သည်ဟုဆိုကာ ယင်းလုပ်ဆောင်မှုကို   ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။     

အင်န်အိတ်ချ်ကေ