လယ်ဝေး အောက်တိုဘာ ၁၅
ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအပါအဝင် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အခွန်ကောက်ခံခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လယ်ဝေးမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးညီညီထွန်းက အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အခွန်ထမ်း ၅၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


