ရန်ကုန်  အောက်တိုဘာ  ၁၅

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် အစိုးရဝန်ထမ်း ပေါင်းစုံ သမဝါယမအသင်းလီမိတက်၏  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်  အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်က  ကျောက်တံတားမြို့နယ် (၃၆) လမ်းအထက်ရှိ  ဗုဒ္ဓဝေယျာဝစ္စဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ အနောက်ပိုင်းခရိုင် ဂျီအီးစီအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက အမှာစကားပြောကြားပြီး ရန်ကုန် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က သမဝါယမအသင်းများ၏    အရပ်ရပ်ဆိုင်ရာကိစ္စရပ်များကို    ဆွေးနွေးပြောကြားသည်။

 ထို့နောက် ဒါရိုက်တာအဖွဲ့ဝင် ဒေါ်ညိုညိုမြင့်က   ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက်  ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကိုလည်းကောင်း၊ အသင်းသားစာရင်းစစ် အဖွဲ့ခေါင်းဆောင် ဒေါ်မြတ်စန္ဒာက    အသင်းသားစာရင်းအဖွဲ့အစီရင်ခံစာကို   လည်းကောင်း ဖတ်ကြားတင်ပြရာ အသင်းသားကိုယ်စားလှယ်များ၏ အတည်ပြုချက်များကို ရယူ၍     အတည်ပြုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)