သထုံ အောက်တိုဘာ ၁၆
မွန်ပြည်နယ် သထုံခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံမြို့ နန်းခဲရပ်ကွက်ရှိ ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအားကစားအသင်းအဖွဲ့တို့က ကွင်းအတွင်း ချီတက်နေရာယူကြပြီး အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။
ယင်းနောက် သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တက်ထွန်းဝင်းက အမှာစကားပြောကြားပြီး အားကစားအသင်းအဖွဲ့တို့က ဧည့်သည်တော်များအား ချီတက်ဂါရဝပြုကြသည်။
သထုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့မှ ဘောလုံးအားကစားအသင်း စုစုပေါင်း ၁၄ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ခရိုင်(ပြန်/ဆက်)


