၁၆ မတ်
ဧဒင်ကုမ္ပဏီ၏ လှူဒါန်းမှုဖြင့် ပြင်ဆင်နေသည့် ကျုံးအရှေ့ဘက် ပလက်ဖောင်းမှာ သင်္ကြန်မတိုင်မီ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပလက်ဖောင်းတွင် ပုဏ္ဏရိပ်ပင် အဖြူ၊ အဝါ၊ ပန်းရောင် ၊ အနီပင်များ စိုက်ပျိုး ထားပြီး Flower box တွင် ငု၊ သပြေပင်များ စိုက်ပျိုးမည်ဖြစ်သည်။ ထိုင်းနိုင်ငံမှ မှာယူထားပြီး လုံးပတ် ၃ လက်မခန့်ရှိသည့် စိန်ပန်းပင်များလည်း စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများ အပန်းဖြေ အနားယူနိုင်ရန် ထိုင်ခုံများ ချထားပေးမည်ဖြစ်သည်။
ယခုနှစ်သင်္ကြန်ကာလအတွင်း သစ်ပင်များ မပျက်စီးစေရန် အဆိုပါ ပလက်ဖောင်း အကာရံများကို သင်္ကြန်ပြီးမှ ဖြုတ်မည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


