ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ခြေစစ်ပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် စံချိန်တင်ခဲ့ပြီဖြစ်ပါတယ်။

စီရိုနယ်လ်ဒိုဟာ   ပေါ်တူဂီအသင်းနဲ့ ဟန်ဂေရီအသင်းတို့   အောက်တိုဘာ ၁၅ ရက်က  တစ်ဖက်နှစ်ဂိုးစီ  သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ သွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့်   ကစားသမားဘဝတစ်လျှောက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၄၁ ဂိုး အထိရှိလာခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ကားလို့ရုဇ်

အရင်က ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွေမှာ  ဂိုးသွင်းအများဆုံးကစားသမားအဖြစ်     စံချိန်တင်ခဲ့တာက‌တော့ ဂွါတီမာလာအသင်း  တိုက်စစ်မှူး ကားလို့ရုဇ်ဖြစ်ပြီး   ကမ္ဘာ့ဖလားခြေစစ် ပွဲစဉ်တွေမှာ သွင်းဂိုး  ၃၉ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ    စီရိုနယ်လ်ဒိုက  ကမ္ဘာ့ဖလားခြေစစ်ပွဲ ဂိုးသွင်း အများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားပြီး  စီရိုနယ်လ်ဒိုရဲ့ အဓိကပြိုင်ဘက် အာဂျင်တီးနားအသင်းတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ကမ္ဘာ့ဖလားခြေစစ်ပွဲ သွင်းဂိုး ၃၆ ဂိုးနဲ့ တတိယဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

အဲဒီနောက်မှာ အီရန်တိုက်စစ်မှူး အလီဒေးက ကမ္ဘာ့ဖလားခြေစစ်ပွဲ သွင်းဂိုး ၃၅ ဂိုးနဲ့ စတုတ္ထ၊ ပိုလန်တိုက်စစ်မှူး လီဝန်ဒိုစကီးက ၃၂ ဂိုးနဲ့ ပဉ္စမ အသီးသီးရပ်တည်နေတာဖြစ်ပါတယ်။

အသက် ၄၀ အရွယ်ရှိ တိုက်စစ်မှူးစီရိုနယ်လ်ဒိုဟာ  ဟန်ဂေရီအသင်းနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုး နှစ်ဂိုး အပါအဝင် ပေါ်တူဂီနိုင်ငံလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာသွင်းဂိုး ၁၄၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက် နိုင်ငံနဲ့ ကလပ်အတွက် သွင်းဂိုး စုစုပေါင်း ၉၄၈ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။                   

ငွေကြယ်