နေပြည်တော်   အောက်တိုဘာ   ၁၆

၂၀၂၆ခုနှစ် အာရှဖလား ယူ-၁၇ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်ကို  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ  မြန်မာနှင့်   အင်ဒိုနီးရှား အမျိုးသမီးဘောလုံးအသင်းတို့သည် အောက်တိုဘာ  ၁၇ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို  ယင်းနေ့  ညနေ  ၃ နာရီ  ၄၅ မိနစ်မှ စတင်၍  MRTV HD Channel ၊ MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ  တိုက်ရိုက်(Live)  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

သတင်းစဉ်