ရန်ကုန် အောက်တိုဘာ ၁၈

 

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနက ကြီးမှူး၍ ၂၀၂၅ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂) အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲပိုင်း က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တိုင်းဒေသ ကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပရိသတ်များ နှင့် တာဝန်ရှိသူများက အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ်(ဘားအံ) ပညာရေးဒီဂရီကောလိပ်အသင်းနှင့် (ရန်ကင်း) ပညာရေးဒီဂရီ ကောလိပ်အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲအပြီးတွင် (ရန်ကင်း) ပညာရေးဒီဂရီကောလိပ်အသင်းက အနိုင်ရရှိသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက နေရာအလိုက်နှင့် အကောင်းဆုံး အားကစားသမားဆု ရရှိကြသူများ၊ တတိယ၊ ဒုတိယ ဆုရအသင်းများကို ဆုတံဆိပ် များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိသည့် (ရန်ကင်း) ပညာရေးဒီဂရီကောလိပ်အသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြု ချီးမြှင့်ငွေကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးက တံခွန်စိုက်ဆုဖလား ကိုလည်းကောင်း ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

သတင်းစဉ်