နေပြည်တော် အောက်တိုဘာ ၁၈
နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အောက်တိုဘာ ၁၃ ရက်မှစတင်၍ လေ့လာရေးခရီး သွားရောက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော စစ်သည်များ ပါဝင်သည့် မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ်များ ပါဝင်သော လေ့လာရေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၏ မိဘဆွေမျိုးများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါ မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့်စစ်သည် များပါဝင်သော လေ့လာရေးအဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အောက်တိုဘာ ၁၄ ရက်တွင် ပေကျင်းမြို့ရှိ Tian Tan ပန်းခြံနှင့် Tian an men ရင်ပြင်သို့ သွားရောက်လည်ပတ်ပြီး Ling Guang ဘုရားကျောင်းသို့ သွား ရောက်၍ ဘုရားကျောင်း၌ ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ခြင်း၊ အောက်တိုဘာ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ မဟာတံတိုင်းကြီး (Grate wall) သို့ သွားရောက်လေ့လာခြင်း၊ နွေရာသီနန်းတော်သို့ သွားရောက်လေ့လာခြင်းနှင့် အိုလံပစ်ကျင်းပခဲ့သည့် အဆောက်အအုံများနှင့် မြို့တွင်းသို့ လှည့်လည်ကြည့်ရှုလေ့လာခြင်းများ ဆောင် ရွက်ကာ ညပိုင်းတွင် ညရှုခင်းများ ကြည့်ရှုခဲ့ကြသည်။
အလားတူ အောက်တိုဘာ ၁၆ ရက်တွင် ပေကျင်းမြို့ရှိ ပေကျင်းကျည်ဆန်ရထား ဘူတာရုံမှ ပေကျင်း-တီယန်ကျင်း ကျည်ဆန် ရထားဖြင့် တီယန်ကျင်းမြို့သို့ လည်းကောင်း၊ တီယန်ကျင်းမြို့ လေဆိပ်မှ ကွမ်ကျိုးမြို့သို့ Southern China လေကြောင်း လိုင်းဖြင့်လည်းကောင်း စီးနင်းလိုက်ပါ၍ ကွမ်ကျိုးမြို့သို့ရောက်ရှိကြပြီး Good Chain လုပ်ငန်းခွဲများအား လေ့လာကြသည်။
အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ကွမ်ကျိုးမြို့ရှိ Ji Nan တက္ကသိုလ်သို့ သွားရောက်၍ Ji Nan တက္ကသိုလ်၏ သမိုင်း ကြောင်း၊ စာကြည့်တိုက်နှင့် ဌာနခွဲ များအား လှည့်လည်လေ့လာခဲ့ ကြပြီး ကျောင်းသား ကျောင်းသူ များ၏ သိရှိလိုသည့်မေးမြန်းမှု များအပေါ် တက္ကသိုလ်မှတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ခဲ့ကြသည်။ ထို့နောက် လေ့လာ ရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့အတွင်း လေ့လာလည်ပတ်ကြပြီး ညပိုင်းတွင် Guang Zhou Tower အား သွားရောက်လေ့လာကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မျိုးဆက်သစ် ထူးချွန်လူငယ် မောင်မယ်များနှင့် စစ်သည်များပါဝင်သော လေ့လာရေးအဖွဲ့၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ရမှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ကြားသိရပါသည်-

မယွန်းဆုဝေဇင်
(နှစ်ထပ်ကွမ်း လူရည်ချွန်)
ကျွန်မကတော့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ လေးဘာသာဂုဏ်ထူး ရမှတ်ပေါင်း ၅၁၂ မှတ်နဲ့ အောင်မြင် ခဲ့ပါတယ်။ ပထမဦးဆုံးတရုတ်မှာ ငါးရက်တာနေခဲ့ရပြီးတော့ အဲဒီ ငါးရက်တာအတွင်းမှာ စိတ်ဝင်စား ဖွယ် အထင်ကရနေရာတွေကို သွားရောက် လည်ပတ်ခွင့်ရခဲ့ပါတယ်။ ပထမရက်မှာ Tian an men ရင်ပြင်နဲ့ Tian Tan ပန်းခြံကို သွားခဲ့ရပါတယ်။ အဲဒီမှာ တရုတ် နိုင်ငံရဲ့ နှစ်ရှည်ထိန်းသိမ်းထားတဲ့အပင်တွေ၊ သဘာဝသစ်တောတွေ ကို မျက်မြင်တွေ့ရှိခဲ့ရတယ်။ နောက်နေ့မှာ မဟာတံတိုင်းကို သွားခဲ့ပါတယ်။ ပြီးတော့ Ji Nan တက္ကသိုလ်ကိုလည်း သွားရောက် လေ့လာခဲ့ရပါတယ်။ အဲဒီမှာ တက္ကသိုလ်တွေရဲ့တိုးတက် ပြောင်းလဲမှုတွေ၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှု တွေ၊ တိုးတက်ပုံ အဆင့်ဆင့်တွေကို လေ့လာခဲ့ရပါတယ်။
ဒီလိုမျိုး မရောက်ဖူးတဲ့နေရာ တွေကို သွားရောက်လည်ပတ်ခွင့်ရတဲ့အတွက် ဒေသန္တရဗဟုသုတတွေလည်း ရရှိခဲ့ပါ တယ်။ ရရှိခဲ့တဲ့ဗဟုသုတတွေကို နောင်တစ်ချိန်မှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း ပြန်လည်ပြီးတော့ မျှဝေပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မက ကလေးအထူးကု ဆရာဝန်တစ်ယောက်ဖြစ်ချင်ပါတယ်။ အခုလို တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို သွားရောက် လေ့လာခွင့်ရအောင် စေလွှတ်ပေးခဲ့တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ကျောင်းသား ကျောင်းသူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ပြီးတော့ ခရီးစဉ်တစ်လျှောက် လုံးမှာ လိုလေသေးမရှိအောင် ကူညီဆောင်ရွက်ပေးခဲ့တဲ့ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကိုလည်း ကျောင်းသား ကျောင်းသူ များကိုယ်စား အထူးပင်ကျေးဇူး တင်ရှိပါတယ်။

မောင်ဖြိုးခန့်ကိုကို
(သုံးထပ်ကွမ်းလူရည်ချွန်)
ကျွန်တော်က ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲမှာ ဂုဏ်ထူးခြောက်ဘာသာနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ လူရည်ချွန် သုံးထပ်ကွမ်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံကိုသွားပြီး လေ့လာတဲ့အခါမှာ မဟာတံတိုင်း၊ နွေရာသီ နန်းတော်အပါအဝင် သူတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ် နေရာတွေကို သွားရောက်လေ့လာခဲ့ရပါတယ်။ သူတို့ရဲ့လူနေမှုစနစ်ကိုလည်း လေ့လာခွင့်ရခဲ့တယ်။ ကုန်တိုက်တွေကိုလည်း ရောက်ခဲ့ရပါတယ်။ အဲဒီလို လေ့လာခဲ့ရ တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ မတူညီတဲ့အချက်တွေကို သတိထားမိပြီးတော့ မတူညီတဲ့အတွေ့အကြုံ ခံစားမှုတွေနဲ့ မြန်မာ နိုင်ငံကို ပြန်ရောက်လာတဲ့အခါ မှာလည်း မတူညီတဲ့ရှုထောင့်က နေ ကြည့်ပြီးတော့ ပိုပြီးတော့ တိုးတက်အောင်ကြိုးစားနိုင်မယ်လို့ထင်ပါတယ်။ ကျွန်တော်က ဆရာဝန်တစ်ယောက် ဖြစ်ချင်တာမို့ ဆေးကျောင်းကို လျှောက်ထားပါတယ်။ အခုလို ကျွန်တော်တို့ ကျောင်းသားလူငယ်တွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံကို လေ့လာရေး ခရီးစဉ် စေလွှတ်ပြီးတော့ အစစအရာရာ လိုလေသေးမရှိအောင် ဂရုစိုက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိ သူတွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ။
သတင်းစဉ်


