တောင်ကြီး အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည် မိုးနဲမြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မိုးနဲမြို့နယ် ဝမ်ယေးကျေးရွာရှိ မိုးစပါးစီမံကိန်း(သက်တံ့ရောင်စီမံကိန်း) သီးနှံစိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် ဝမ်ယေးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ စိုက်ပျိုး ထားရှိသည့် မိုးစပါးစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုသည်။
အဆိုပါအသင်းမှ အသင်းသားများက DU-12 စပါးမျိုး ၅၆ ဧက စိုက်ပျိုးထားပြီး အသင်းမှ လိုအပ်သော ငွေကြေးအရင်းအနှီး၊ သွင်းအားစုများ ပြတ်လပ်မှုမရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးနှင့်သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


