နေပြည်တော် အောက်တိုဘာ ၂၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရှိ ရာဇသင်္ဂဟ လမ်းမကြီးတစ်လျှောက် လမ်းဘေးပလက်ဖောင်းများ ပြန်လည်ပြုပြင်နေမှု၊ လမ်းဘေးဝဲယာနှင့် လမ်းလယ်ကျွန်းတစ်လျှောက် စိမ်းလန်းစိုပြည်ရေး ရာသီအလိုက် ပန်းအလှပင်များနှင့် အရိပ်ရအပင်များ ထပ်မံစိုက်ပျိုး ထားရှိမှုနှင့် T လမ်းဆုံရေကန် သန့်ရှင်းသာယာလှပရေး Collector Drain၊ Slop Drain နှင့် ကျောက်စီရေထိန်း နံရံများ ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးသည့်အပင်များ ရှင်သန်ကြီးထွားအောင် စိုက်ပျိုးကြရန်၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး အလေးထား ဆောင်ရွက်သွားရန်၊ လမ်းပိုင်းများ သတ်မှတ်အချိန်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးနှင့် လိုအပ်သည်များ မှာကြားသည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက် ကံ့ကော်အိမ်ရာသို့ သွားရောက်၍ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်နေမှုနှင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းအဆင့်ဆင့်ကို သတ်မှတ်ချိန်အတွင်း ပြီးစီးစေရန်နှင့် အရည်အသွေးစံချိန်၊ စံညွှန်းများ ကိုက်ညီမှုရှိစေရန် စစ်ဆေးဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေး၊ အရည်အသွေး ပြည့်မီသည့်ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေး၊ ရေများတင်ကျန်မှုမရှိစေရေးအတွက် ရေနုတ်မြောင်းများ စနစ်တကျ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)


