ပုသိမ် အောက်တိုဘာ ၂၀

 

ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်ခင်နွယ်က အဖွင့်အမှာစကား ပြောကြားပြီး သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့၏ လမ်းညွှန်မှာကြားချက်များ အပေါ် ထပ်ဆင့်ရှင်းလင်းသည်။ ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မတ်လမှ ဩဂုတ်လအထိ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများကို Video Clip ဖြင့် ပြသပြီး ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များကို တိုင်းဒေသကြီး ဥပဒေအရာရှိက ထပ်ဆင့်ရှင်းလင်း၍ လုပ်ငန်းဆိုင်ရာများအား လမ်းညွှန်မှာကြားသည်။

 

တက်ရောက်

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)