မင်းဘူး   အောက်တိုဘာ   ၂၀

မကွေးတိုင်းဒေသကြီး စကုမြို့၌  အားကစားကော်မတီဥက္ကဋ္ဌဖလား နေရှင်နယ်နှစ်ယောက်တွဲ ချစ်ကြည်ရေး     ပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲကို    ယနေ့နံနက်  ၉ နာရီက  စကုမြို့  မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။

ဦးစွာ   အားကစားသမားများက ကွင်းအတွင်း၌ နိုင်ငံတော်အလံ အားအလေးပြု၍    အားကစား သစ္စာဓိဋ္ဌာန်အား ရွတ်ဆိုပြီး စကုမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ပိုင်က အမှာစကားပြောကြားကာ အိမ်ရာ  B  အသင်းနှင့် Diamond B အသင်းများက စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပိုက်ကျော်ခြင်း    ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှ ၂၂ ရက်အထိ  ကျင်းပပေးသွားမည်ဖြစ်ပြီး အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များဖြင့် ကျင်းပခြင်းဖြစ်ပြီး  အဆိုပါ   ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို     မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း   ၁၈  သင်းက ဝင်ရောက်ယှဉ်ပြိုင်ကြကာ   ယခုပြိုင်ပွဲများတွင် ထူးချွန်သူများအား စိစစ်ရွေးချယ်၍  မြို့နယ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ပေးမည်ဖြစ်ကြောင်း  စကုမြို့ အားကစားကော်မတီဥက္ကဋ္ဌထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)