အောက်တိုဘာ ၂၁
ဘရာဇီးနိုင်ငံရှိ မီသနော-သန့်ရှင်းမှုမရှိသောယမကာများကြောင့် သေဆုံးသူ ကိုးဦးအထိ မြင့်တက်လာကာ အခြားသေဆုံးသူ ခုနစ်ဦးကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။
အဓိကအားဖြင့် အရှေ့တောင်ပိုင်း ဆော်ပေါ်လိုပြည်နယ်၊ ဒေသအများအပြားရှိ ဖြန့်ဖြူးရောင်းချသူများနှင့် ဘားများတွင် လူသားသောက်သုံးရန် မသင့်လျော်သည့် အရက်သေစာ၊ မီသနောဖြင့် ဂျင်၊ ဗော့ဒ်ကာနှင့် ဝီစကီကဲ့သို့ ပေါင်းခံထားသော ယမကာများသောက်သုံးမှု စက်တင်ဘာလက ဖြစ်ပွားခဲ့သည်။
ဆော်ပေါ်လိုပြည်နယ်တွင် သေဆုံးသူ ခြောက်ဦး၊ အရှေ့မြောက်ပိုင်း ပါနမ်ဘူကို ပြည်နယ်တွင် နှစ်ဦးနှင့် တောင်ပိုင်းရှိ ပါရာနာတွင် တစ်ဦး သေဆုံးခဲ့ကြောင်း ထိုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


