တိုကျို အောက်တိုဘာ ၂၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုလနှောင်းပိုင်းတွင် အာရှဒေသနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
မလေးရှား၊ ဂျပန်နှင့် အခြားအာရှဒေသနိုင်ငံများသို့ သွားရောက်မည်ဖြစ်သည်။ ၎င်းသည် မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၂၆ ရက်၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။
ခရီးစဉ်အတွင်း ဂျပန်နိုင်ငံတွင် ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေးနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကာ တိုကျိုအနီးရှိ ရေတပ်စခန်းမှ အမေရိကန်တပ်ဖွဲ့ဝင်များအား မိန့်ခွန်းပြောမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ပြီး အေပက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ


