ဆီဆိုင် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့နယ် အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီက ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်ကျော်ရန် က မြို့နယ်အတွင်း မဲစာရင်း မှန်ကန်မှုရှိစေရေးနှင့် ကွဲလွဲမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးဆောင်ရွက်သွားရန်နှင့် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေး ပြောကြားပြီး မြို့နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ဦးထွန်းမြင့်ဝင်းက မဲစာရင်း မှန်ကန်ရန်အတွက် ဖြည့်စွက်မှု၊ ပြင်ဆင်မှု၊ လွဲမှားမှုမရှိစေရေး ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသူများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်ကိစ္စရပ်များ၊ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ရေးတို့ကို ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


