ရန်ကုန် အောက်တိုဘာ ၂၁
အောက်တိုဘာ ၂၄ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် ONE Friday Fights 130 ပြိုင်ပွဲ တွင် မြန်မာဖိုက်တာနှစ်ဦး၏ တွဲဆိုင်းများ ပါ၀င်လာမည်ဖြစ်သည်။
ONE Friday Fights ပြိုင်ပွဲများတွင် ပွဲပေါင်းများစွာထိုးသတ်နေသည့် ဆွန်ရက်၊ ပထမဆုံးပွဲထွက်ခွင့်ရမည့် ဆလိုင်းထန်ခွီးရှိန်တို့၏ တွဲဆိုင်းများ ပါ၀င်လာမည်ဖြစ်သည်။ ဆွန်ရက်သည် ထိုင်းဖိုက်တာ ယာမင်ဆီရာချိုင်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဆလိုင်းထန်ခွီးရှိန်မှာမူ ထိုင်းဖိုက်တာ ဆွန်ချိုင်းနွိုင်နှင့် ထိုးသတ်ရမည်ဖြစ်သည်။ ဆွန်ရက်သည် ONE နှင့် လက်တွဲပြီးနောက် ၁၄ ပွဲမြောက် ထိုးသတ်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၁၃ ပွဲတွင် ခုနစ်ပွဲနိုင်၊ ခြောက်ပွဲရှုံးနိမ့်ထားသည်။ ဆီရာချိုင်မှာမူ ONE နှင့် သုံးပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။
ဆလိုင်းထန်ခွီးရှိန်အတွက် ယခုပွဲမှာ ONE နှင့် ပထမဆုံးပွဲဖြစ်ပြီး ဆန်ချိုင်းနွိုင်မှာမူ ONE နှင့် ၁၁ ပွဲမြောက် ထိုးသတ်ခြင်းဖြစ်ကာ ပြီးခဲ့သည့် ၁၀ ပွဲတွင် ကိုးပွဲအထိ အနိုင်ရထားပြီး တစ်ပွဲသာရှုံးနိမ့်ထားသည်။
သတင်း-မောင်စံကြီး
ဓာတ်ပုံ-ONE


