နေပြည်တော်    အောက်တိုဘာ    ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ(၂၀၂၅)   စာအုပ်သည် ပြည်သူများ အသိဉာဏ်ဗဟုသုတပြည့်စုံစေရန်၊  ပြန်တမ်းဝင်အရာရှိ အဆင့်(စတင်ခန့်) စာမေးပွဲများနှင့် အခြားဝင်ခွင့်စာမေးပွဲများ ဖြေဆိုရာတွင် အထောက်အကူ ဖြစ်စေရန်၊ သိရှိလိုသည့်အချက်အလက်များကို တစုတစည်းတည်း ရှာဖွေလေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဉ်ထုတ်ဝေခဲ့သောစာအုပ်ဖြစ်သည်။

ယခု ၂၀၂၅ ခုနှစ်ထုတ်   စာအုပ်တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့် သဝဏ်လွှာ ကောက်နုတ်ချက်များ၊ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ မြန်မာနိုင်ငံတွင် ပြင်းထန်စွာလှုပ်ခတ်ခဲ့သော မြေငလျင်ကြီးများ၊ နိုင်ငံတကာပဋိပက္ခ ဖြစ်ပွားမှုမှတ်တမ်းအကျဉ်း၊ မြန်မာ့ရေးရာနှင့်ပတ်သက်သည့် အချက်အလက်များ၊ နိုင်ငံတကာရေးရာ သိမှတ်ဖွယ်ရာများ၊ သံတမန်ရေးရာ သိမှတ်ဖွယ်ရာများ၊ ကမ္ဘာ့အထွေထွေသိမှတ်ဖွယ်ရာများ၊ ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများကို ထည့်သွင်းဖြည့်စွက်ဖော်ပြ ထားသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းလျှောက်ထားခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာ အချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများလည်း ပါရှိသည့်အတွက် ဗဟုသုတရှာမှီးလိုသူများ၊ ဝင်ခွင့်စာမေးပွဲဖြေဆိုမည့်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ လက်ကိုင်ထားသင့်သည့် စာအုပ်ဖြစ်သည့်အပြင် အနာဂတ်နိုင်ငံတော်အတွက် လူချွန်လူကောင်းများ၊  ခေါင်းဆောင်ကောင်းများ၊  အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် အထောက်အကူပြုမည့် စာအုပ်ဖြစ်သဖြင့် အိမ်တိုင်းရှိစာအုပ်စင်တိုင်းတွင် ဆောင်ထားသင့်သည့်စာအုပ်ဖြစ်သည်။

ယင်းစာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အောက်တိုဘာလ၌     ဝူဖရီးစက္ကူဖြင့်ထုတ်ဝေပြီး  နေပြည်တော်ရှိ   ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ထုတ်လုပ်ရေးဌာနခွဲ ဖုန်း ၀၆၇-၃၄၁၂၃၇၁ နှင့် စာပေဗိမာန်အရောင်းဆိုင်တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထုတ်လုပ်ရေးဌာနခွဲ အမှတ် (၂၂/၂၄)  ပန်းဆိုးတန်းလမ်း(အောက်) ကျောက်တံတားမြို့နယ် ဖုန်း ၀၁-၈၃၈၄၈၁၃၊ ၀၁-၈၃၇၁၃၄၂၊  သတင်းနှင့်  စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်နှင့်   အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင် လည်းကောင်း ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။                                  

သတင်းစဉ်