ပုသိမ်  အောက်တိုဘာ ၂၁

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ     ဒေါက်တာသက်သက်ဇင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့သို့ ရောက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊   အဖွဲ့ဝင်များနှင့်အတူ ပုသိမ်ခရိုင်    ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသနေသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးလူနာ ၆၄ ဦးအား ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေတစ်ဦးလျှင်    ငွေကျပ် ၅၀၀၀၀ ပေးအပ်လှူဒါန်းကြပြီး အားပေးစကား ပြောကြားသည်။

ထို့နောက်   မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ်   ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည်  ပုသိမ်မြို့  ဧရာရွှေဝါခန်းမ၌    ဧရာဝတီတိုင်းဒေသကြီး    အမျိုးသမီးရေးရာအဖွဲ့က  ပြုလုပ်သည့် ကျေးလက်ဒေသ    အမျိုးသမီးများ    ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများ ရှင်းလင်းခြင်းအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့  နာယက ဒေါ်ကြည်ကြည်ထွန်းက  ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က  ဆောင်ရွက်ထားရှိသည့်  ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်လုပ်ငန်းများကို  ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌက  ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက်   မြန်မာနိုင်ငံ  အမျိုးသမီးရေးရာအဖွဲ့ချုပ်   ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့တော်ခန်းမတွင်     ပြသထားသည့် အသေးစား၊  အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများ(MSMEs)  ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)