နေပြည်တော် အောက်တိုဘာ ၂၁
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအစီအစဉ်ဖြင့် ငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော သံချောင်းလုံးများကို ရန်ကုန်မြို့မှ အထူးကုန်ရထားများဖြင့် ပို့ဆောင် ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ အတွက် HRB 500 အမျိုးအစား သံချောင်းလုံး တန်ချိန် ၅၅၃ ဒသမ ၀၀၆ တန် ၊ 4 Angle 0.33 mm အမိုးသွပ်ပြား ချပ်ရေ ၇၀၀၀ ( တန်ချိန် ၃၂ ဒသမ ၅၆ တန်) နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ အတွက် လိုအပ်သော 4 Angle 0.33 mm အမိုးသွပ်ပြားချပ်ရေ ၇၀၀၀ (တန်ချိန် ၃၂ ဒသမ ၅၆ တန်) တင်ဆောင်လာသော အထူးကုန်ရထားသည် ယနေ့နံနက်ပိုင်းတွင် မန္တလေး ရွှေကြက်ယက် ဘူတာသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရှု စစ်ဆေးလက်ခံပြီး တိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


