ပန်ဆိုင်း ၁၆ မတ်

ယနေ့ ညနေ ၄ နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့ ရပ်ကွက်(၄)ရှိ ထပ်ဆင့်အသံလွှင့်စက်ရုံဝန်း အတွင်း၌ အစိမ်းရောင် RPJ ဗုံးသီး(၁)လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးသီးကို ထပ်ဆင့်အသံလွှင့်စက်ရုံဝန်းအတွင်းရှိ ရုပ်သံလွှင့်စက်ခန်းနှင့် ဝန်ထမ်းလိုင်းခန်းကြားရှိ မီးလောင်ထားသည့် လမ်းဘေးခြုံတွင် စက်ရုံတာဝန်ခံ ဦးလှဆွေက တွေ့ရှိခဲ့ပြီး  အရှည် (၁၅) လက်မခန့်၊ ထိပ်ဖူးအချင်း (၂) လက်မခွဲခန့်၊ ကိုယ်ထည်အချင်း (၁) လက်မခွဲခန့် အမှတ်တံဆိပ်မပါ စစ်ပွဲလက်ကျန် ဗုံးသီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးသီးအား  သက်ဆိုင်ရာမှတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး ရုပ်သံခြံစည်းရိုးအပြင်ဘက် တောစပ်တွင် သက်မဲ့ပြုလုပ်ကာ မြေမြုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဗန်ရိုးထန်(ပြန်/ဆက်)