အောက်တိုဘာ ၂၂
သီရိလင်္ကာနိုင်ငံတွင် မိုးများသည်းထန်စွာရွာသွန်းလျက်ရှိသဖြင့် လူပေါင်း ၉၅၀၀ ကျော် ထိခိုက်မှုရှိကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာ ဒီအမ်စီက ယနေ့တွင်ပြောကြားသည်။
အဆိုပါသဘာဝဘေးကြောင့် အိမ်ထောင်စု ၂၃၉၅ စုမှ လူပေါင်း ၉၅၄၂ ဦး ထိခိုက်ခဲ့ပြီး လေးဦးသေဆုံးကာ နေအိမ် ၄၂၂ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည်ဟု ဒီအမ်စီကထပ်လောင်းပြောသည်။
နိုင်ငံအတွင်းရှိ ပြည်နယ်အများအပြားတွင် ယနေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုများဆက်လက်ဖြစ်ပွားမည်ဖြစ်ပြီး မြစ်ကမ်းနားအနီးတွင် နေထိုင်သူများအား သတိဖြင့်နေထိုင်ကြရန် မိုးလေဝသဌာနက သတိပေးပြောကြားထားသည်။
သီရိလင်္ကာနိုင်ငံတွင် လွန်ခဲ့သောရက်အနည်းငယ်က မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


