တောင်ကြီး အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ဟဲကယ်ကျေးရွာရှိ စီမံကိန်းသီးနှံ (သက်တံ့ရောင်စီမံကိန်း)စိုက်ပျိုးလျက်ရှိသည့် ရွှေတောင်သူကြီးမျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ မိုးစပါးရိတ်သိမ်းမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ရွှေတောင်သူကြီး မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးရိတ်သိမ်းနေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုရာ တစ်ဧကလျှင် တင်း ၁၃၀ ထွက်ရှိကြောင်း သိရသည်။
ဝိုးတောင်း


