မကွေး     အောက်တိုဘာ    ၂၂

မကွေးတိုင်းဒေသကြီး       ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၂၀၂၅- ၂၀၂၈) သက်တမ်း ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို  ယနေ့ နံနက် ၉ နာရီက မကွေးမြို့ နန်းထိုက်သူဟိုတယ် မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဦးစွာ   မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အမှာစကားပြောကြားကာ ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ  မြန်မာနိုင်ငံဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ  ဦးမောင်မောင်ဇော်က   အမှုဆောင်အသစ်    ရွေးချယ်တင်မြှောက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ   ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးပိုင်ဖြိုးသန့်က အသင်းပြန်လည်ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး (၂၀၂၃-  ၂၀၂၅) မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်  အမှုဆောင်ဟောင်းများက    နုတ်ထွက်ကြောင်း ကြေညာသည်။

ထို့နောက်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဌေးမိုးက မြန်မာနိုင်ငံဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင်များအသင်းမှ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို  ရှင်းလင်းဆွေးနွေးပြောကြားပြီး ၂၀၂၅- ၂၀၂၈ မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ ရွေးချယ်ကြေညာခဲ့သည်။

ယင်းနောက် ၂၀၂၅- ၂၀၂၈ မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ က ရှေ့ဆက်ဆောင်ရွက်သွားမည့်      လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံ  ဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ  ဦးပိုင်ဖြိုးသန့်က  ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်