ပန်းတောင်း အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ လတ်သူသူကျော်နှင့် ဥသျှစ်ပင်မြို့ ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများက မကူးစက်တတ်သော ရောဂါများနှင့်ပတ်သက်၍ ဖြစ်ပွားမှုနှုန်း၊ အန္တရာယ်နှင့် ကာကွယ်ကုသနည်းများကို ယနေ့နံနက်ပိုင်းက ဥသျှစ်ပင် ကျေးလက်ကျန်းမာရေးဌာနတွင် အသိပညာပေးဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော်က မကူးစက်တတ်သော ရောဂါများဖြစ်သော သွေးတိုး၊ ဆီးချို၊ နှလုံး စသည့် ရောဂါများအကြောင်း၊ ရောဂါဖြစ်ပွားရသည့် အဓိကအကြောင်းရင်းများ၊ နောက်ဆက်တွဲဆိုးကျိုးများ၊ ကာကွယ်ကုသခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးအကြံပြုခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဥသျှစ်ပင်မြို့ ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများက ဆီးချို၊ သွေးတိုး လူနာ ၄၁ ဦးအား အခမဲ့စမ်းသပ်ကုသပေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)


