လှည်းကူး   အောက်တိုဘာ    ၂၂

 ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်    တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်သည်။

အဆိုပါ   ရှင်းလင်းဆွေးနွေးပွဲတွင်    မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသိန်းထိုက်ဦးက လုပ်ငန်းရှင်များအား အခွန်ကဏ္ဍတစ်ရပ်ချင်းအလိုက် သိကောင်းစရာများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာ မြို့နယ်အဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်အခွန်ထမ်းဦးရေ စုစုပေါင်း ၅၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။                   

မြို့နယ်(ပြန်/ဆက်)