နေပြည်တော် အောက်တိုဘာ ၂၂

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၃ ရက် မှ ၁၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၁၃ ဒသမ ၉၄၅၈ တန်၊ သစ်မာ ၂၅ ဒသမ ၉၆၈၆ တန်၊ အခြား ၂၀ ဒသမ ၅၆၀၆ တန် စုစုပေါင်း ၆၀ ဒသမ ၄၇၅၀ တန်၊ ယာဉ် / ယန္တရားလေးစီး၊ ပြစ်မှုကျူးလွန်သူ ၁၀ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

သတင်းစဉ်