ကဝ အောက်တိုဘာ ၂၂

 

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် တဲစုကျေးရွာမှ သမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် အောင်နိုင်တိုး(YSR-1) စပါးရိတ်သိမ်း ခြွေလှေ့မှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ ရိတ်သိမ်းရာတွင် တဲစုကျေးရွာ တဲစုစိုက်ပျိုးရေးနှင့်အထွေ ထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား ၄၀ တို့ စိုက်ပျိုးထားသော အောင်နိုင်တိုး(YSR-1)စပါးနှင့် မှော်ဘီ(၃) စပါးမျိုးများဖြစ်ပြီး သမဝါယမ ကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပန်းတိုင်အထွက်နှုန်း တိုးတက်လာစေရန် ထောက်ပံ့ပေးထားကြောင်း သိရသည်။

 

သတင်းစဉ်