ရန်ကုန် ၁၆  မတ် 


ရန်ကုန်စာအုပ်လမ်းတွင် နွေရာသီကျောင်းပိတ်ရက်၌ ကလေးစာပေစာအုပ်များ လာရောက်ဝယ်ယူသူ များပြားလျက်ရှိသည်။ 


ရန်ကုန်စာအုပ်လမ်း၏ သတ္တမမြောက်အပတ်၏ စနေနေ့တွင် ကလေးစာပေစာအုပ်များ လာရောက်ဝယ်ယူသူ များပြားလျက်ရှိပြီး စာအုပ်ထုတ်ဝေသူများကလည်း ပဲခူးမြို့တွင် ကလေးစာပေပွဲတော်ကျင်းပရန် စီစဉ်နေသဖြင့် ကလေးစာပေထုတ်ဝေသူများကို စုဆောင်းလျက်ရှိရာ ကလေးစာပေ ဖြန့်ချိသည့်စာအုပ်တိုက် ၃၆ တိုက်ရှိကြောင်း စိန်မိုးယံစာပေမှ ကိုဖြိုးကပြောသည်။ 


ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် အသုတ်ကျေးရွာမှ လာရောက်ဝယ်သူ ကိုအောင်ကျော်ဖြိုးနှင့် ဇနီးတို့ကလည်း ၎င်းတို့၏ကလေးများအတွက် ကလေးစာအုပ်များ လာရောက်ဝယ်ယူရာ ''အိမ်ကကလေးက အသက်တစ်နှစ်ကျော်ပဲ ရှိပါသေးတယ်၊ ကလေးကို သူ့ရဲ့ရှေ့မှာ ဒီကဝယ်သွားတဲ့စာအုပ်တွေကို ဖတ်ပြရင် ကလေးက စာတော့မသိပေမယ့်  သူလိုက်ဆိုပြီး စာအုပ်တွေကို ကြည့်တတ်လာပြီး စာဖတ်ဝါသနာပါလာအောင် စာအုပ်ဝယ်ပေးတာပါ '' ဟု ပြောကြားသည်။

 
ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ စာအုပ်လမ်း၏ တနဂငေ်္နွနေ့နံနက် ၁၁ နာရီတွင် ပြုံးစာပေမှ သခင်မြသန်း၏ ဧရာဝတီစာအုပ်မိတ်ဆက်ပွဲ၊ မွန်းလွဲ ၂ နာရီတွင် စာရေးဆရာချစ်ဦးညို၏ "အကြောက်တရား"  ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ၊ မွန်းလွဲ ၃ နာရီတွင် စာရေးဆရာဒေါက်တာမြင့်သန်း (ညောင်လေးပင်) ၏ "ခြောက်ဆယ်အရွယ် စန်းထတယ်" ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ၊ ညနေ ၄ နာရီတွင် သီဟရတနာစာအုပ်တိုက်မှ  စီစဉ်သည့် မော်ဒယ်လ် မိုးမြင့်သဇင် က စာပေပဟေဠိ အစီအစဉ်များကို ကျင်းပခဲ့ကြောင်း စာအုပ်လမ်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ 


သန့်ဇင်ဝင်း 

 

1