နယူးဒေလီ  အောက်တိုဘာ  ၂၂

အောက်တိုဘာ ၂၂ ရက်တွင် အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ၏ လေထုအရည်အသွေးသည်  အလွန်ဆိုးရွားသောအဆင့်သို့ ဆက်လက်ရောက်ရှိနေသည်ဟု ဗဟိုညစ်ညမ်းမှုထိန်းချုပ်ရေးအဖွဲ့က ပြောကြားလိုက်သည်။

ဒေသစံတော်ချိန်   နံနက်   ၇  နာရီ  ထုတ်ပြန်ချက်အရ ဒေလီ၏ အနောက်တောင်ဘက်တွင်ရှိသော  အာရ်ကေပူရမ်ဒေသ၏   လေထုအရည်အသွေးအညွှန်းကိန်းသည်   ၃၈၀  ခန့်ရှိပြီး   အာနက်ဗီဟာ နှင့် အာရှော့ဗီဟာဒေသများတွင်  လေထုအရည်အသွေးသည် ၃၅၅ အထိ ရှိကြောင်း သိရသည်။

အောက်တိုဘာ  ၂၂  ရက်သည် ဒေလီဒေသခံများအတွက် လေထုအရည်အသွေး   အလွန်ဆိုးရွားမှုကို ခံစားရသည့်   နှစ်ရက်မြောက်နေ့ဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်တွင် ဒေသခံများသည် ဟိန္ဒူရိုးရာ မီးထွန်းပွဲတော်ဖြစ်သည့် ဒေဝါလီ သို့မဟုတ် ဒီပါဝလီနေ့အထိမ်းအမှတ်အဖြစ် တရားရုံးချုပ်က သတ်မှတ်ထားသည့် နှစ်နာရီထက်ကျော်လွန်၍  မီးရှူးမီးပန်းများပစ်လွှတ်ခဲ့သည်။  ထိုကဲ့သို့ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းကလည်း လေထုအရည်အသွေးကျဆင်းစေသည့် အကြောင်းရင်းတစ်ချက် ဖြစ်နိုင်သည်။

လေထုအရည်အသွေး ထိန်းချုပ်စောင့်ကြည့်ရေးစခန်း ၃၈ ခုရှိသည့်အနက် ၃၄ ခုသည် အနီရောင်အဆင့်ကို ပြသနေပြီး လေထုအရည်အသွေး အလွန်ဆိုးရွားလျက်ရှိကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် အာဏာပိုင်များသည် မြို့တော်ဒေလီဝန်းကျင်ဒေသ၌ အဆင့်လိုက်တုံ့ပြန်ဆောင် ရွက်ရေးလုပ်ငန်းစီမံကိန်းအဆင့်-၂ အရ ကန့်သတ်ချက်များ ချမှတ်ထားသည်။ များပြားလှသော ဆောက်လုပ်ရေးလုပ်ငန်းများနှင့်အတူ စက်မှုလုပ်ငန်းများနှင့် မော်တော်ယာဉ်များသည်  လေထုညစ်ညမ်းမှုကို သိသိသာသာဖြစ်စေသည့် အကြောင်းတရားများဖြစ်သည်။          

ဆင်ဟွာ