ဒါကာ  အောက်တိုဘာ  ၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အောက်တိုဘာ ၂၁ ရက်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၈၁၄ ဦး တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ  ကျန်းမာရေးဝန်ဆောင်မှုဌာနက ပြောသည်။

နောက်ထပ်ကူးစက်ခံရသူများပါ ထည့်ပေါင်းလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌  ယခုနှစ်အတွင်း   သွေးလွန်တုပ်ကွေးဖြစ်ပွားသူ  ၆၁၆၀၅  ဦး ရှိလာပြီဟု ကျန်းမာရေးဝန်ဆောင်မှုဌာနက  ပြောသည်။    သွေးလွန်တုပ်ကွေးကြောင့်  သေဆုံးသူဦးရေမှာလည်း ယခုနှစ်အတွင်း  ၂၅၃ ဦး ရှိလာပြီဖြစ်သည်။

အောက်တိုဘာလအတွင်း သွေးလွန်တုပ်ကွေးကူးစက်ခံရသူ ၁၄၂၆၃ ဦးရှိပြီး စက်တင်ဘာလအတွင်းက ကူးစက်ခံရသူ ၁၅၈၆၆ ဦးရှိသည်ဟု ကျန်းမာရေးဝန်ဆောင်မှုဌာနက အတည်ပြုထားသည်။ ထို့ပြင် အောက်တိုဘာလအတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ  ၅၅ ဦးရှိပြီး စက်တင်ဘာလတွင် ၇၆ ဦးရှိသည်ဟု သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ပုံမှန်အားဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၌ မုတ်သုန်ရာသီအစပြုရာ ဇွန်လမှ  စက်တင်ဘာလအတွင်း ဖြစ်ပွားလေ့ရှိပြီး ယခုအခါတွင်မူ ယင်းကာလထက်ကျော်လွန်၍   ကူးစက်မှုဖြစ်ပွားလျက်ရှိသည်။                                                          

ဆင်ဟွာ