မိုင်းရယ် အောက်တိုဘာ ၂၂
မိုင်းရယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာနတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးတစ်ဧက တင်း ၁၀၀ အထွက်နှုန်းရရှိရေး စံကွက်ရိတ်သိမ်းခြင်းကို အောက်တိုဘာ ၂၁ ရက်က အမှတ်(၁)ရပ်ကွက် ကွင်းအမှတ်(၁) ဦးပိုင်အမှတ်(၅) တောင်သူ ဦးလိုင်း ဆယ်သား၏ လယ်မြေ၌ ပြုလုပ်သည်။
အဆိုပါ မိုးစပါးစံပြကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးနိုင်၊ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ကြပြီး ကောင်း၊ သင့်၊ ညံ့ စံကွက်သုံးကွက် ရိတ်သိမ်းခဲ့ရာ ၈၈၁ စပါးမျိုး တစ်ဧကလျှင် အစိုထွက် ၁၃၀ ဒသမ ၃၁ တင်း၊ အခြောက်ထွက် ၁၀၉ ဒသမ ၃၇ တင်း ထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


