ရန်ကုန် အောက်တိုဘာ ၂၂

 

အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်‌ဆေးရေးဦးစီးဌာန ဒဂုံမြို့သစ်ခရိုင်ရုံးမှ သင်ထောက်ကူယာဉ်ဖြင့် အလုပ်သမားများ၏ ဥပ‌‌ဒေပါရပိုင်ခွင့်များဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပန်းတဉ်းဝန် ဦးရွှေဘင်လမ်းရှိ Myanmar S.Flaningo Co.,ltd. အထည်ချုပ်စက်ရုံ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွာသာကြီး(အကြီးစား)စက်မှုဇုန် ဆရာစံလမ်းရှိ BE GE Garment Co.,ltd. အထည်ချုပ်စက်ရုံ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွာသာကြီး(အကြီးစား) စက်မှုဇုန် မြဝတီမင်းကြီးလမ်းရှိ Huafa (Myanmar) Garment Co.,ltd. အထည် ချုပ်စက်ရုံ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြဝတီမင်းကြီးလမ်းနှင့် ကရုဏာလမ်းထောင့်ရှိ MAO FENG Garment Co.,ltd. အထည်ချုပ် စက်ရုံတို့၌ ဆောင်ရွက်သည်။

 

ဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန ဒဂုံမြို့သစ်ခရိုင်ရုံး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်က အလုပ်ရှင်နှင့် အလုပ်သမား တို့အား အလုပ်သမားများ၏ ဥပဒေပါ ရပိုင်ခွင့်များဖြစ်သော အလုပ်ချိန်၊ နားချိန်၊ နားရက်၊ အချိန်ပို၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ လုပ်ခလစာ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

နေမျိုးအောင်(ဒဂုံတောင်)