ရန်ကုန်  အောက်တိုဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး (မောင်ရိုး- ငဖဲ)သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် သူနာပြု တက္ကသိုလ်(ရန်ကုန်)ခန်းမကြီး၌ ကျောင်းသား ကျောင်းသူများအား အာစရိယအကြောင်း စာပေဗဟုသုတ ဆိုင်ရာများ ဟောပြောသည်။

ဦးစွာ သူနာပြုတက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ် ဒေါက်တာဝေဝေဦးက အဖွင့်အမှာ စကားပြောကြားသည်။

ဟောပြော

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ဦးကျော်ကျော်စိုး (မောင်ရိုး-ငဖဲ)က အာစရိယဆရာ အကြောင်းအရာနှင့်  လွမ်းရ တမ်းတပါ့ငဖဲမြေ (ကျွန်တော်တို့ရွာ  ကျွန်တော်တို့ဓလေ့) ဆောင်းပါးများကို ဟောပြောသည်။

ယင်းနောက် စာပေ‌ဟောပြောပွဲတွင် မျှဝေပြောကြားခဲ့သည့် စာပေ၊ ဗဟုသုတဆိုင်ရာများနှင့် စပ်လျဉ်း၍ ကျောင်းသား ကျောင်းသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 ဥဿ