ဂျကာတာ အောက်တိုဘာ ၂၃
အင်ဒိုနီးရှားနိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးကြိုးပမ်းမှုအဖြစ် ဆည် ၁၅ ခုကို ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်နေကြောင်း သိရသည်။
နိုင်ငံအတွင်း ဆည်များနှင့် စိုက်ပျိုးရေပေးသည့်စနစ်များ အဆင့်မြှင့်တင်ရေးလုပ်ငန်းကို ရေရှည်အကျိုးအတွက် ရည်ရွယ်ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဒိုဒီဟန်ဂိုဒိုက ပြောကြားသည်။ ဆည်များနှင့် စိုက်ပျိုးရေပေးသည့်ကွန်ရက်များကို တည်ဆောက်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှုများလာကာ လယ်သမားများ၏ လူမှုစီးပွားဘဝများ ချောင်လည်လာမည်ဟု ၎င်းက ပြောသည်။ ယခုတည်ဆောက်နေသည့် ဆည် ၁၅ ခုကို ၂၀၂၉ ခုနှစ်မတိုင်မီ ပြီးစီးရေးဆောင်ရွက်မည်ဖြစ်ကာ ယင်းဆည်များပြီးစီးပါက စိုက်ပျိုးရေပေးနိုင်သည့် မြေဧရိယာသည် ၂၆၃၀၅၅ ဟက်တာ အထိရှိမည်ဖြစ်ပြီး သီးနှံစိုက်ပျိုးနိုင်သည့်မြေဧရိယာသည် ၄၈၃၁၆၃ ဟက်တာအထိ ရှိလာမည်ဖြစ်ကြောင်းနှင့် တစ်နှစ်လျှင် သီးနှံတန်ချိန် ၂ ဒသမ ၃၄ သန်းအထိ စိုက်ပျိုးနိုင်မည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


