တိုကျို အောက်တိုဘာ ၂၃
တိုယိုတာကားထုတ်လုပ်ရေးကုမ္ပဏီသည် ထရမ့်အစိုးရ၏ အကောက်ခွန်အစီအမံများကို ဖြေရှင်းရန် အမေရိကန်ထုတ် တိုယိုတာမော်တော်ယာဉ်များကို ဂျပန်နိုင်ငံသို့တင်သွင်းရန် စဉ်းစားနေကြောင်း တိုယိုတာမော်တာအကြီးအကဲက ပြောကြားလိုက်သည်။
တိုယိုတာသည် အမေရိကန်၏ ကားထုတ်လုပ်ရေးလုပ်ငန်း အဖွဲ့ဝင်တစ်ဦးအနေဖြင့် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဆာတိုကိုဂျီက ပြောကြားလိုက်သည်။
ကုမ္ပဏီသည် သွင်းကုန်-ပို့ကုန် စာရင်းလက်ကျန်နှင့်ပတ်သက်ပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောကြားသည်။
အမေရိကန်ထုတ် တိုယိုတာမော်လ်ဒယ်အလိုက် ကားများကို ဂျပန်နိုင်ငံသို့ တင်သွင်းခြင်းသည် အမေရိကန်၏ ကုန်သွယ်မှုလိုငွေကို ဖြတ်တောက်ရန် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
ဂျပန်အစိုးရသည် ကားထုတ်လုပ်သူများ၏ အမေရိကန်ထုတ်မော်တော်ယာဉ်များကို ဂျပန်နိုင်ငံသို့ တင်သွင်းနိုင်စေမည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးသင့်သည်ဟု ဆာတိုကိုဂျီက ပြောသည်။
အင်န်အိတ်ချ်ကေ


