တိုကျို အောက်တိုဘာ ၂၃
ဂျပန်နိုင်ငံတွင် မိုင်ကိုပလာစမာ အဆုတ်ရောင်ရောဂါဖြစ်ပွားမှုမြင့်မားလျက်ရှိသည်။ ကလေးများကို အများဆုံးကူးစက်တတ်သော မိုင်ကိုပလာစမာရောဂါသည် အမှုန်အမွှားများနှင့် လူချင်းထိတွေ့မှုများမှ ကူးစက်ပျံ့နှံ့သည်။ ၎င်း၏ ရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းတို့ဖြစ်သည်။
နိုင်ငံတစ်ဝန်း ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းပေါင်း ၅၀၀ ခန့်မှ အစီရင်ခံစာများကို ဂျပန်ကျန်းမာရေး လုံခြုံရေးအင်စတီကျုက လက်ခံရရှိခဲ့သည်။ ဂျပန်နိုင်ငံတွင် လွန်ခဲ့သည့်နှစ် ဆောင်းရာသီက မိုင်ကိုပလာစမာရောဂါဖြစ်ပွားမှုနှုန်း မြင့်မားခဲ့သည်။ ရောဂါအကြီးအကျယ် ကူးစက်မှုမှာ နှစ်နှစ် ဆက်တိုက် ဖြစ်ပွားနိုင်ခြေရှိသည့်အတွက် လူနာဦးရေ တိုးလာနိုင်သေးကြောင်း ကာဝါဆာကီ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ အိုအီရှိတိုမိုဟီရိုက ပြောသည်။
ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်းတို့မှာ ရောဂါကူးစက်မှုကို အဓိကကာကွယ်ပေးသည့် နည်းလမ်းများဖြစ်သည်။
ယခင်ပန်းနာရင်ကြပ်ရောဂါရှိသူများ ဂရုစိုက်ကြရန်လည်း ၎င်းက သတိပေးထားသည်။ ရောဂါကူးစက်မှုအစပျိုးရန် နှစ်ပတ်ကြာမြင့်သည့်အတွက် ရောဂါရှိသူနှင့် ထိတွေ့မိသူများ မိမိကိုယ်ကို သတိထားစောင့်ကြည့်ရန်နှင့် ရောဂါလက္ခဏာများပြလာပါက ဆရာဝန်နှင့် ပြသကြရန်လည်း သတိပေးထားသည်။
အင်န်အိတ်ချ်ကေ


