အူလန်ဘာတာအောက်တိုဘာ၂၃

မွန်ဂိုလီးယားနိုင်ငံ၏ နယ်မြေ ၅၀ ရာခိုင်နှုန်းခန့်မှာ  ယခုအခါ  နှင်းများဖုံးလွှမ်းလျက်ရှိကြောင်း နိုင်ငံ၏  အမျိုးသားမိုးလေဝသနှင့် ပတ်ဝန်းကျင်စောင့်ကြည့်ရေး အေဂျင်စီက အောက်တိုဘာ ၂၃ ရက်တွင်  ထုတ်ပြန်ထားသည်။  

အောက်တိုဘာ ၂၀ ရက်အထိ နိုင်ငံ၏   စုစုပေါင်းနယ်မြေ   ၄၆ ရာခိုင်နှုန်းထက်မနည်း နှင်းအထူ ၃၀  စင်တီမီတာအထိ   ဖုံးလွှမ်းခဲ့ကြောင်း  မိုးလေဝသစောင့်ကြည့်ရေးအေဂျင်စီက   ထုတ်ပြန်ချက်တွင် ပြောကြားသည်။

Dzud သည် အလွန်အေးသည့် ဆောင်းရာသီကို ဖော်ပြရန်အတွက် မွန်ဂိုလီးယားဝေါဟာရတစ်ခုဖြစ်ပြီး ယင်းကြောင့် မြေပြင်၌အေးခဲခြင်းနှင့် နှင်းများဖုံးလွှမ်းခြင်းတို့ကြောင့် တိရစ္ဆာန်အမြောက်အမြား  သေဆုံးခဲ့ရကြောင်း သိရသည်။

မွန်ဂိုလီးယားနိုင်ငံတွင် ကြာရှည်ပြီး အလွန်အေးသော ဆောင်းရာသီများနှင့် တိုတောင်းသည့် နွေရာသီများရှိ၍ ၎င်း၏ ပြင်းထန်သည့်ရာသီဥတုကြောင့်  လူသိများကြောင်း  သိရသည်။

ဆင်ဟွာ