တိုကျို  အောက်တိုဘာ  ၂၄

ဂျပန်နိုင်ငံ၌    လူများအား  ဝက်ဝံတိုက်ခိုက်ခံရခြင်း၏  ၇၀ ရာခိုင်နှုန်းမှာ   လူများ   နေ့စဉ်သွားလာလှုပ်ရှားရာနေရာများတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း လေ့လာမှုတစ်ခုအရ   သိရှိရကြောင်း   ပြည်တွင်းမီဒီယာတွင် ဖော်ပြထားသည်။

အောက်တိုဘာလ အစပိုင်းမှစ၍    အောက်တိုဘာ  ၂၃     ရက်  မွန်းလွဲပိုင်းအထိ   ဂျပန်နိုင်ငံတစ်ဝန်း    ပြည်နယ်   ၁၂   ခုတွင်  ဝက်ဝံတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူ ၆၄ ဦးရှိပြီး သေဆုံးသူလေးဦးရှိကြောင်း အင်န်အိတ်ချ်ကေတွင် ဖော်ပြထားသည်။

သစ်တောနှင့်  သစ်တော ထွက်ကုန်များ  အင်စတီကျုမှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ နာအိုကီ  အိုနီရှီက    လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ရာ  အဆိုပါ ဝက်ဝံတိုက်ခိုက်ခံရမှုများ၏ ၆၈ ရာခိုင်နှုန်းမှာ လူနေထိုင်ရာရပ်ကွက်များနှင့် လယ်ယာကွင်းများအပါအဝင်  လူများ သွားလာလှုပ်ရှားရာနေရာများတွင်   ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဝက်ဝံတိုက်ခိုက်ခံရမှု ၃၃ ခု မှာ ဝက်ဝံများကြိုက်နှစ်သက်သည့်  အစားအစာများရှိသည့်  စိုက်ပျိုးဧရိယာတွင်ဖြစ်သည်ဟု လေ့လာမှုအရ   သိရသည်။   ဝက်ဝံများကို  မကြာခဏတွေ့မြင်နေရသည့်နေရာများ၌ နေထိုင်ကြသူများကို ဒီဇင်ဘာလ    တစ်လျှောက်တွင်  သတိထားနေထိုင်ကြရန်၊   နံနက်စောစောအချိန် လမ်းလျှောက်ခြင်းကို ရှောင်ကြဉ်ပြီး ညပိုင်း၌ အနီး အနားရှိ  စတိုးဆိုင်များကိုသာ သွားလာသင့်ပြီး မော်တော်ယာဉ်များဖြင့်သာ သွားလာသင့်ကြောင်း ၎င်းက ဆက်ပြော သည်။

စွန့်ပစ်ထားသည့် လယ်ယာမြေများနှင့် လူမနေသည့်အိမ်များသည်  ဝက်ဝံများအလွယ်တကူခိုအောင်းနေထိုင်နိုင်သည့်  နေရာများဖြစ်ကြောင်း  အိုနီရှီက  သတိပေးခဲ့သည်။                 

ဆင်ဟွာ