ဘားအံ အောက်တိုဘာ ၂၆

 

ကရင်ပြည်နယ် ဘားအံမြို့နယ်၌ သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရေး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်သည့် ထုံးအိုင်ကျေးရွာရှိ ထုံးအိုင် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား တောင်သူများအား မြေပဲမျိုးနှင့် သွင်းအားစုများ ချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ထုံးအိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

 

ချီးမြှင့်ပေးအပ်ပွဲတွင် ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်က မြေပဲစိုက်တောင်သူ အသင်းသား ၅၀ ၏ စိုက်ဧက ၁၇၀ အတွက် သမဝါယမ အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂ ဒသမ ၅ သိန်းနှုန်းဖြင့် ညီမျှသည့် မြေပဲမျိုးနှင့် သွင်းအားစုများကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ ကရင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းသီးနှံများနှင့် စပ်လျဉ်း၍ သတ်မှတ် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် အလေးထား ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း ရှင်းလင်းပြောကြားပြီး အသင်းသား တောင်သူများအား မြေပဲမျိုးနှင့် သွင်းအားစုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)