ကျွန်းစု အောက်တိုဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းက ကပကျေးရွာ၌ ပြုလုပ်သည်။
ဦးစွာ မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်း ကသင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် သင်တန်းသူထူးချွန်ဆု၊ သင်တန်းဆင်းလက်မှတ်များနှင့် အမှတ်တရလက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး သင်တန်းတွင် ချောကလက်ဒိုးနတ်၊ တူနာငါးညှပ်ပေါင်မုန့်၊ မွေးနေ့ကိတ်၊ ငှက်ပျောသီးကိတ်၊ ပျားရည်အလွှာကိတ်၊ မာဖင်၊ ပူတင်းခွက်၊ အုန်းနံကထိုင်၊ ပဲချောင်းအစိမ့်၊ ငရုတ်သီးနှမ်းကပ်ကြော်၊ ထောပတ်ကွတ်ကီးအပါအဝင် ကွတ်ကီးအမျိုးမျိုး၊ ဒူးရင်းသီး အနှစ်ပါသည့် မုန့်/ပေါင်မုန့် စသည့်စားသောက်ကုန် ၁၇ မျိုးပြုလုပ်နည်းများကို အောက်တိုဘာ ၂၀ ရက်မှ ၂၄ ရက်အထိ သင်တန်းသူ ၂၀ အား စာတွေ့လက်တွေ့ အခမဲ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)


