ရန်ကုန် အောက်တိုဘာ ၂၆

 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ရုံးအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာအသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက‌ ရွှေပြည်သာမြို့နယ် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

 

ရှင်း‌လင်းဟောပြော

ဟောပြောပွဲတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်းစိန်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးသိန်းအေးထွန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် တိုင်းဒေသကြီး(ရုံးခွဲ) ရွာသာကြီးမှ စစ်ဆေးရေးမှူး(၃) ဦးဇာနည်မောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် သတိပြုလိုက်နာရမည့် မီးပွိုင့်များအကြောင်း၊ Road Sign များအကြောင်းကို အသိပညာပေး ရှင်း‌လင်းဟောပြောသည်။

 

ဆက်လက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်းစိန်ခရိုင်ရုံးမှ ဝန်ထမ်းများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြပြီး တက်ရောက်လာကြသူများကလည်း ပြသထားသည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးနံရံကပ် စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)