မန်ယူအသင်းဟာ ဘရိုက်တန်အသင်းကို   လေးဂိုး-နှစ်ဂိုးဖြင့်  အနိုင်ရပြီး ပရီမီယာလိဂ် အမှတ်ပေးဇယားအဆင့် (၆)နေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ မန်ယူအသင်းအတွက် သွင်းဂိုးတွေကို ကွန်ဟာက  တစ်ဂိုး၊ ကတ်စမဲရိုးက တစ်ဂိုး၊ အမ်ဘူမိုက နှစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး ဘရိုက်တန်အသင်းအတွက် ချေပဂိုးနှစ်ဂိုးကိုတော့ ဝဲဘက်က တစ်ဂိုးနဲ့ ကော်စတိုလက်စ်က တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့ခြင်းဟာ  ၂၀၂၄  ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ် သုံးပွဲဆက် နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိပရီမီယာလိဂ်ချန်ပီယံ လီဗာပူးအသင်းကတော့ ဘရန်းဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ   သုံးဂိုး-နှစ်ဂိုးနဲ့  ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဘရန်းဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ယခုဘောလုံးရာသီမှာ ပရီမီယာလိဂ် လေးပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။

ငွေကြယ်