ပီအက်စ်ဂျီအသင်းဟာ အောက်တိုဘာ ၂၅ ရက်  ညပိုင်းက ဘရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ  အနိုင်ရရှိခဲ့ပြီး   အမှတ်ပေးဇယားကို  ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းက ဘရက်စ်အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ  ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတွေကို ဟာကီမီက နှစ်ဂိုး၊ ဒဇိုင်းယားဒိုအူးက  တစ်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အခုပွဲစဉ်မှာ    ဘလွန်းဒီအောဆုရှင် ဒမ်ဘီလီ တံကောက်ကြောဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဘရက်စ်အသင်းရဲ့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီး သုံးမှတ်အပြည့်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ  လာမယ့်ပွဲစဉ်အဖြစ် အောက်တိုဘာ ၂၉ ရက်မှာ လော်ရီးယန့်အသင်းနဲ့   ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ငွေကြယ်