မကွေး အောက်တိုဘာ ၂၆

 

ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉) ရည်မှန်းချက် ပန်းတိုင် (၃) ၏ မဟာဗျူဟာရည်မှန်းချက် အောင်မြင်စေရေးအတွက် အကောင်အထည်ဖော်သည့် အနေဖြင့် တရားစွဲနှင့် အမှုလိုက်လုပ်ငန်း အတွေ့အကြုံ မျှဝေဆွေးနွေးပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး   ပါမောက္ခ ဦးလှအောင်ခန်းမ၌   ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးဥပဒေ အရာရှိ၊ ရုံးအဖွဲ့မှူး၊ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိများ၊ ခရိုင် ဥပဒေအရာရှိများ၊ လက်ထောက် တိုင်းဒေသကြီး ဥပဒေအရာရှိများ၊ ဒုတိယခရိုင် ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများ၊ ဦးစီး အရာရှိများနှင့် ဒုတိယမြို့နယ် ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်လှလှဆွေက အခမ်းအနား ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တရားစွဲနှင့်အမှုလိုက် လုပ်ငန်း အတွေ့အကြုံများကို ဆွေးနွေးကြရာ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးမျိုးမင်းဇော် ဦးဆောင်သောအဖွဲ့နှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ဥပဒေအရာရှိများ ခေါင်းဆောင်သော အဖွဲ့များက   အဖွဲ့လိုက် ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသည့် ဥပဒေ အရာရှိများက မေးခွန်းများမေးမြန်း ဆွေးနွေးခြင်း၊ ခေါင်းဆောင်သော အဖွဲ့များက အဖွဲ့လိုက်ဆွေးနွေး တင်ပြခြင်းများပြုလုပ်ခဲ့ပြီး တက်‌ရောက်လာကြသည့် ဥပဒေအရာရှိများက မေးခွန်းမေးမြန်း ဆွေးနွေးခြင်း၊ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိက ပြန်လည်  ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ပြီး မကွေးတိုင်းဒေသကြီး ဥပဒေချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

မောင်ခိုင်မင်း(ပြန်/ဆက်)