မန္တလေး အောက်တိုဘာ ၂၆

ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် မန္တလေးပြည်သူ့ဆေးရုံကြီး မန်းတောင်ရိပ် (၉)ထပ်ဆောင်၌ ကျင်းပသည်။

သွေးလှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ မှ အရာထမ်း၊ အမှုထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သွေးလှူရှင်များအား ကျန်းမာရေးစစ်ဆေးပေးနေမှုနှင့် သွေးလှူဒါန်းနေမှုတို့ကို ကြည့်ရှုအားပေးကြပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ကြသည်။

ထို့နောက် တာဝန်ရှိသူများက လှူဒါန်းထားသော သွေးအိတ်များကို မန္တလေးပြည်သူ့ဆေးရုံ အုပ်ကြီးထံပေးအပ်ရာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်